
အသွင်အပြင်လက္ခဏာ
1. အချက်ပြမီး 2. ကွင်းအကာအကွယ် လိုင်းပေါက် 3. ဘက်ထရီ
4. အခွင့်မရ ဝင်ရောက်ခြင်း အချက်ပေးခလုတ် 5. ပါဝါခလုတ်
စာရင်းသွင်းခြင်း
တပ်ဆင်ခြင်း
I. လှိုင်းအချက်ပြအား စစ်ဆေးပါ။
II. စက်ကို တပ်ဆင်ပါ။
a. ရှာဖွေစက်ကို ဝက်အူဖြင့် တပ်ဆင်ပါ။
b. ထောက်လှမ်းကိရိယာကို ရေမြှုပ်တိပ်ဖြင့် တပ်ဆင်ပါ။
III. (ချန်လှပ်ထားနိုင်သည်) ကိရိယာကို ကွင်းဖြင့် တပ်ဆင်ပါ ။
စစ်ဆေးခြင်း
အားအပြည့်သွင်းထားပြီး (အသစ်) 2.45 VDC (ဘက်ထရီ) အထိ
15m (12 metre EN မကိုက်ညီ)၊ 85.9°
ရှိသည်
30 Kg အထိ (အမြင့် < 40 cm)
အရှေ့နှင့် အနောက်
အပြာရောင် (အချက်ပေးသံ)
-10 °C မှ 55 °C
-20 °C မှ 60 °C
10% မှ 90%
1.8 to 2.4 m (ခန့်မှန်းအမြင့် = 2.1 m)
65.5 mm x 103 mm x 48.5 mm
128 g
433 MHz
1.2 Km (ဟင်းလင်းပြင်)
CR123A x 1 (ပါဝင်သည်)၊ 3 V/1600 mAh
5 နှစ်
2.45 V
မြန်မာ
သုံးစွဲသူလက်စွဲ
အသေးစိတ် အချက်အလက်
နောက်ထပ်အချက်အလက်များနှင့် လုပ်ဆောင်မှု အကူအညီအတွက် QR ကုဒ်ကို
စကန်ဖတ်ပါ။
အလိုအလျောက် အာရုံခံနိုင်စွမ်း
အိမ်မွေးတိရစ္ဆာန်များနှင့် လွတ်ကင်းမှု
ကာကွယ်ခြင်း
LED အချက်ပြမီး
အလုပ်လုပ်နိုင်သည့် အပူချိန်
သိမ်းဆည်းမှုအပူချိန်
အလုပ်လုပ်နိုင်သည့် စိုထိုင်းဆ
တပ်ဆင်သည့် အမြင့်
အတိုင်းအတာ (W x H x D)
အလေးချိန်
ပေးပို့မှုကြိမ်နှုန်း
ရေဒီယိုကြိမ်နှုန်းအတိုင်းအတာ
စံဘက်ထရီသက်တမ်း
ရှာဖွေသိရှိမှု အကွာအဝေး
ဗို့အားအနိမ့် တန်ဖိုး
ဗို့အား အပိုင်းအခြား
ဘက်ထရီ
မှတ်ချက်- ဗို့အားနည်း မက်ဆေ့ခ်ျ ပေါ်လာသောအခါ အနည်းဆုံး အသုံးပြုမှု ရက် 30 ရှိပြီးဖြစ်မည်။
မြန်မာ
©2021 Hangzhou Hikvision Digital Technology Co., Ltd. မှတ်ပုံတင်ခွင့် အားလုံးကို ရယူထားသည်။
ဤလမ်းညွှန်အကြောင်း
ဤလမ်းညွှန်တွင် ထုတ်ကုန်ပစ္စည်းအား အသုံးပြုခြင်းနှင့် စီမံခြင်းဆိုင်ရာ ညွှန်ကြားချက်များ ပါရှိသည်။ ဤလမ်းညွှန်ပါ ရုပ်ပုံများ၊ ပုံပြကားချပ်များ၊ ဓာတ်ပုံများနှင့် အခြားသတင်းအချက်အလက် အားလုံးသည် ဖော်ပြရန်၊ ရှင်းပြရန်အတွက်သာ
ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ဤလမ်းညွှန်ပါ သတင်းအချက်အလက်များကို ဖမ်းဝဲ အပ်ဒိပ်လုပ်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ကြိုတင်အသိပေးခြင်း မရှိဘဲ ပြောင်းလဲနိုင်သည်။ ဤလမ်းညွှန်၏
နောက်ဆုံးရဗားရှင်းကို (https://www.hikvision.com/) Hikvision အင်တာနက်စာမျက်နှာတွင် ရနိုင်ပါသည်။
ယခုထုတ်ကုန်ပစ္စည်းအားကူညီထောက်မရာတွင် လေ့ကျင့်မှုရရှိထားသော ကျွမ်းကျင်သူများ၏ လမ်းညွှန်မှုနှင့် အထောက်အပံ့တို့နှင့်အညီ ဤလမ်းညွှန်ကို အသုံးပြုပါ။
နှင့် အခြား Hikvision ၏ ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့် လိုဂိုများသည် အမျိုးမျိုးသော တရားစီရင်ပိုင်ခွင့်များတွင် Hikvision ၏ ပိုင်ဆိုင်မှုများ ဖြစ်သည်။ ဖော်ပြထားသည့် အခြား ကုန်ပစ္စည်း အမှတ်တံဆိပ်များနှင့်
လိုဂိုများသည် ၎င်းတို့၏ သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြပါသည်။
ငြင်းဆိုချက်
အကျုံးဝင်သည့် သက်ဆိုင်သောဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာဖြင့် ဤလက်စွဲစာအုပ်နှင့် ဖော်ပြထားသော ထုတ်ကုန်ကို ၎င်း၏ စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် ဖမ်းဝဲများနှင့်အတူ “ယင်းအတိုင်း” နှင့်
“အမှားအယွင်းများအားလုံးနှင့်အတူ” ဖော်ပြထားသည်။ HIKVISION သည် ကန့်သတ်မှု၊ ကုန်သွယ်နိုင်စွမ်း၊ ကျေနပ်လောက်ဖွယ် အရည်အသွေး၊ သို့မဟုတ် သီးခြားရည်ရွယ်ချက် တစ်စုံတစ်ခုအတွက် ကြံ့ခိုင်မှုများ မရှိခြင်း အပါအဝင်
မည်သည့် အာမခံချက်များကို အတိအလင်း ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ပေးထားခြင်း မရှိပါ။ ကုန်ပစ္စည်းအား အသုံးပြုပါက သင့်ဘာသာသင် တာဝန်ယူ ရမည်။ မည်သည့်အခြေအနေတွင်မဆို စာချုပ်ချိုးဖောက်မှုကြောင့်ဖြစ်စေ၊
အကျိုးပျက်စီး၍ဖြစ်စေ (ပေါ့လျော့မှု အပါအဝင်)၊ ထုတ်ကုန်ပစ္စည်း ပြဿနာ ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါက ဤထုတ်ကုန်ပစ္စည်းအား အသုံးပြုမှုကြောင့် ဖြစ်စေ စီးပွားရေးလုပ်ငန်း အကျိုးအမြတ် ဆုံးရှုံးမှု သို့မဟုတ် အချက်အလက် ဆုံးရှုံးမှု၊
စနစ်များ ယိုယွင်းပျက်စီးမှု သို့မဟုတ် စာရွက်စာတမ်း ပျက်စီး ပျောက်ဆုံးမှုကြောင့် ထိခိုက်မှုများ အပါအဝင် အထူးတလည်၊ အကျိုးဆက်စပ်၍၊ မတော်တဆ သို့မဟုတ် တိုက်ရိုက် ထိခိုက်မှုများအတွက် ထိုထိခိုက်မှု သို့မဟုတ်
ဆုံးရှုံးမှုများအကြောင်း HIKVISION အား အကြံပြု အသိပေးပြီး ဖြစ်စေကာမူ HIKVISION မှ တာဝန်ယူမည် မဟုတ်ပါ။
အင်တာနက် သဘောသဘာဝအရ တည်ရှိဆဲ လုံခြုံရေး ဘေးအန္တရာယ်များ ပေးနိုင်သည်ကို သင် အသိအမှတ်ပြုပြီး ပုံမှန်မဟုတ်သော လုပ်ငန်းလည်ပတ်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သို့မဟုတ် ဆိုင်ဘာ
တိုက်ခိုက်မှုများ၊ ဟက်ကာ တိုက်ခိုက်မှုများ၊ ဗိုင်းရပ်စ် ကူးစက်မှု သို့မဟုတ် အခြား အင်တာနက် လုံခြုံရေး အန္တရာယ်များ၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော အခြားပျက်စီးမှုများ၊ အပေါ် HIKVISION သည် တာဝန်ယူလိမ့်မည်မဟုတ်ပါ။
သို့ရာတွင် HIKVISION သည် လိုအပ်ပါက နည်းပညာပံ့ပိုးမှုကို အချိန်နှင့် တစ်ပြေးညီပေးသွားမည်။
သင်သည် အကျုံးဝင်သော ဥပဒေများနှင့် အညီ ဤကုန်ပစ္စည်းကို အသုံးပြုရန် သဘောတူညီပြီး သင်၏ အသုံးပြုမှုသည် အကျုံးဝင်သော ဥပဒေနှင့် ကိုက်ညီစေရန် သင်က လုံးဝ တာဝန်ခံရမည် ဖြစ်သည်။ အထူးသဖြင့် သင်သည်
ဤကုန်ပစ္စည်းကို အသုံးပြုရာတွင် အများပြည်သူ၏ အခွင့်အရေးများ၊ အသိပညာ ပိုင်ဆိုင်မှု အခွင့်အရေးများ သို့မဟုတ် အချက်အလက် ကာကွယ်ရေး နှင့် အခြား ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက်အလက် လုံခြုံမှု အခွင့်အရေးများ အပါအဝင်
ဖြစ်သော်လည်း ယင်းတို့သာ အကန့်အသတ်မဟုတ်ဘဲ အပြင်အပ လူပုဂ္ဂိုလ် များ၏ အခွင့်အရေးများကို ချိုးဖောက်သော ပုံစံဖြင့် အသုံးပြုခြင်း မပြုရန် သင့်တွင် တာဝန်ရှိသည်။ လူအစုအပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များ
တီထွင် ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ဓာတု သို့မဟုတ် ဇီဝ လက်နက်များ တီထွင်ဖန်တီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ မည်သည့် ပေါက်ကွဲစေတတ်သော နျူးကလီးယား လက်နက် သို့မဟုတ် ဘေးကင်းလုံခြုံမှု မရှိသော
နျူကလီးယား လောင်စာ သံသရာတို့နှင့် သက်ဆိုင်သော အခြေအနေတွင် သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးသော လုပ်ဆောင်မှု တစ်စုံတရာ တို့ အပါအဝင် မည်သည့် အဆုံးသတ် အသုံးပြုမှု အတွက်ကိုမဆို သင်သည်
ဤကုန်ပစ္စည်းကို အသုံးပြုခြင်း မပြုရပါ။
ဤလမ်းညွှန်နှင့် သက်ဆိုင်ရာ ဥပဒေတို့အကြား ကွဲလွဲမှုများ ရှိခဲ့ပါက ဥပဒေပါ ပြဌာန်းချက်ကိုသာ အတည်ယူရမည်။
ဤထုတ်ကုန်ပစ္စည်းနှင့် - သက်ဆိုင်ပါက- ပေးထားသော အပိုပစ္စည်းများသည်လည်း “CE” အမှတ်အသား မှတ်သားထားသောကြောင့် RE ညွှန်ကြားချက် 2014/53/EU၊ EMC ညွှန်ကြားချက် 2014/30/EU၊ RoHS
ညွှန်ကြားချက် 2011/65/EU တို့အောက်တွင် ဖော်ပြထားသော သက်ဆိုင်ရာ ဟန်ချက်ညီ ဥရောပ စံချိန်စံညွှန်းများကို လိုက်နာရမည်။
2012/19/EU (WEEE ညွှန်ကြားချက်)- ဤသင်္ကေတ ကပ်ထားသည့် ထုတ်ကုန်များကို ဥရောပသမဂ္ဂအတွင်း ရောနှောစည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိပါ။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက်
ဤထုတ်ကုန်ပစ္စည်းကို အလားတူ ပစ္စည်းအသစ်တစ်ခု ဝယ်ယူချိန်တွင် သင့်နယ်ခံ ပစ္စည်းရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် ပစ္စည်းစုဆောင်းသော နေရာများ၌ စွန့်ပစ်ပါ။ ပိုမိုသိရှိလိုပါက
www.recyclethis.info တွင်ကြည့်ပါ။
2006/66/EC (ဘက်ထရီဆိုင်ရာ ညွှန်ကြားချက်)- ဤထုတ်ကုန်ပစ္စည်းတွင် ဥရောပသမဂ္ဂအတွင်း ရောနှော စည်ပင်အမှိုက်အနေဖြင့် စွန့်ပစ်နိုင်ခြင်း မရှိသည့် ဘက်ထရီ တစ်လုံး ပါဝင်နေပါသည်။ ဘက်ထရီအတွက်
သီးသန့်အချက် အလက်များကို ထုတ်ကုန်ပစ္စည်းပါ စာရွက်စာတမ်းများ၌ ကြည့်ပါ။ ဤဘက်ထရီကို ကတ်ဒမီယမ် (Cd)၊ ခဲ (Pb) သို့မဟုတ် ပြဒါး (Hg) ဟု ညွှန်ပြမည့် စွန့်ပစ်ခြင်းပါဝင်နိုင်ကြောင်း ဤသင်္ကေတဖြင့်
မှတ်သားထားပါသည်။ သေချာစွာ ရီဆိုင်ကယ်လုပ်ရန်အတွက် ဤဘက်ထရီကို သင့်နယ်ခံ ပစ္စည်း ရောင်းချသူထံ ပြန်ပေးပါ သို့မဟုတ် သတ်မှတ်ထားသည့် စုဆောင်းသော နေရာ၌ စွန့်ပစ်ပါ။ ပိုမိုသိရှိလိုပါက
www.recyclethis.info တွင်ကြည့်ပါ။
ဘက်ထရီ သတိပြုရန်
မမှန်ကန်သော အမျိုးအစားဖြင့် ဘက်ထရီ လဲလှယ်ခြင်းသည် ဘေးကင်းမှု အကာအကွယ်ကို ပျက်ပြားစေနိုင်သည် (ဥပမာ- အချို့သော လစ်သီယမ် ဘက်ထရီအမျိုးအစား ဖြစ်ရပ်တွင်)
– ဘက်ထရီကို မီးအတွင်း သို့မဟုတ် မီးဖိုအတွင်း ဖြစ်စေ စက်ပစ္စည်းသုံး ထုခြေခြင်း သို့မဟုတ် ဖြတ်တောက်ခြင်း တို့ဖြင့် စွန့်ပစ်ခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည်
– အပူချိန် အလွန်မြင့်မားသော ဘေးပတ်ဝန်းကျင်တွင် ဘက်ထရီကို ထားခဲ့ခြင်းက ပေါက်ကွဲမှု သို့မဟုတ် မီးလောင်လွယ်သော အရည် သို့မဟုတ် ဓါတ်ငွေ့ ယိုစိမ့်မှု ဖြစ်စေနိုင်ပြီး
– ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်းကြောင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။
ဓါတုပစ္စည်း လောင်ကျွမ်းမှု အန္တရာယ်
ဘက်ထရီကို မြိုမချပါနှင့်။
ဘက်ထရီ အသစ် နှင့် အဟောင်းများကို ကလေးများမှ ဝေးရာတွင် ထားပါ။
ဘက်ထရီကို မြိုချမိသည် သို့မဟုတ် ခန္ဓာကိုယ်တွင်း နေရာတစ်နေရာသို့ ဝင်သွားသည်ဟု ထင်ပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
ဘက်ထရီကို မမှန်ကန်သော အမျိုးအစားဖြင့် အစားထိုးပါက ပေါက်ကွဲမှု အန္တရာယ်ရှိသည်။
မမှန်ကန်သော အမျိုးအစား ဘက်ထရီဖြင့် လဲလှယ်ပါက ဘေးကင်းမှု အကာအကွယ်ကို ပျက်စီးစေနိုင်သည်။
အသုံးပြုပြီးသော ဘက်ထရီများကို လမ်းညွှန်ချက်များ နှင့် ဒေသန္တရ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စွန့်ပစ်ပါ။
ဘက်ထရီအခန်း သေချာမပိတ်ပါက ထိုကိရိယာကို ဆက်မသုံးဘဲ ကလေးများနှင့် ဝေးရာတွင် ထားပါ။
တပ်ဆင်ခြင်း သတိပြုရန်
အပိုဆောင်း အင်အားသည် ကိရိယာအလေးချိန်၏ သုံးဆ နှင့် ညီမျှသော်လည်း 50N ထက် မနည်းပါ။ ဤကိရိယာနှင့် ၎င်းနှင့်အတူပါ ချိတ်ဆက်ပစ္စည်းများကို တပ်ဆင်ချိန်တွင် ခိုင်မြဲစွာ ချိတ်ထားရမည်။
တပ်ဆင်ပြီးချိန်တွင် ကိရိယာနှင့် သက်ဆိုင်ရာ ချိတ်ဆက်ပစ္စည်း အပြားများ ပျက်စီးမှု လုံးဝမရှိစေရပါ။